ပြည်သူများသိရှိစေရန် အသိပေးကြေငြာချက် (AUGMENTIN 457 (Co-amoxiclav) Oral Suspension)

ASEAN Post-marketing Alert System ကိုအသုံးပြု၍ ဖိလစ်ပိုင်နိုင်ငံ FDA မှ AUGMENTIN 457 (Co-amoxiclav) Oral Suspension အမည်ဖြင့် ဆေးဝါးတုတွေ့ရှိသဖြင့် ၄င်းဆေးဝါးများအား ဖမ်းဆီးသိမ်းဆည်းခြင်းများ ပြုလုပ်နေကြောင်း အကြောင်းကြားလာပါသည်။
AUGMENTIN 457 (Co-amoxiclav) Oral Suspension ၏ထုတ်လုပ်သူနေရာတွင် SmithKline Beecham Pharmaceuticals, UK ဟူ၍ဖော်ပြထားပြီး Batch no – 217883A, Expiry Date – Dec, 2020 ဟုဖော်ပြထားပါသည်။ Marketing Authorization Holder ကိုယ်တိုင်မှလည်း Batch no- 217883A, Expiry Date- Dec, 2020 ကိုထုတ်လုပ်ထားခြင်းမရှိပါ ကြောင်းသိရှိရပါသည်။
သို့ဖြစ်ပါ၍ ၄င်းဆေးဝါးအား ပြည်သူများရှောင်ရှားနိုင်စေရန် အသိပေးကြေငြာအပ်ပါသည်။

 

Sharing is caring!