ပြည်သူများသိရှိစေရန် အသိပေးကြေငြာချက် (Add Plus)

ထိုင်းနိုင်ငံ၏ ဆေးဝါးထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သော B.L.HUA & Co., Ltd, Thailand မှ (၁၀.၄.၂၀၁၉) ရက်နေ့၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ သတင်းပေးပို့ခဲ့ရာတွင် “Add Plus” အမည်ဖြင့် ဆေးဝါးတုကို ထုတ်လုပ်သူအမည်နေရာတွင် B.L.HUA & Co., Ltd, Thailand ဟု အမည်တပ်၍ Online Page များတွင်ရောင်းချနေကြောင်း၊ ၄င်းတို့ကုမ္ပဏီအနေဖြင့် ထိုဆေးဝါးအားလုံးဝ ထုတ်လုပ်ခြင်းမရှိပါကြောင်း အသိပေးအကြောင်းကြားထားပါသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ၄င်းဆေးဝါးရောင်းချနေသော Online Page များကိုရှာဖွေ၍ ဝယ်ယူကြည့်ရာတွင် အမှန်တကယ်ပင် ထုတ်လုပ်သူနေရာ၌ B.L.HUA & Co., Ltd, Thailand ဟူ၍ ဖော်ပြထားပြီး ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည်တို့ကိုလည်း Sticker ဖြင့်သာကပ်ထားသည်ကိုတွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ၄င်း “Add Plus” အမည်ဖြင့် ဆေးဝါးတုမှာ မည်သည့်နိုင်ငံတွင်မှ မှတ်ပုံတင်ထားခြင်း မရှိသည့်အပြင် ထုတ်လုပ်သည့်ကုမ္ပဏီကိုလည်း အတုအပပြုလုပ်၍ ဖော်ပြထားသည့်အတွက် ဆေးဝါး၏ အရည်အသွေး၊ ဆေးဝါး၏ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အာမခံမပေးနိုင်သဖြင့် ထိုဆေးဝါးအား သောက်သုံးရန်မသင့်သည့်အားဆေး အဖြစ် သတ်မှတ်ပါကြောင်းကို ပြည်သူများသိရှိစေရန် အသိပေးကြေငြာ အပ်ပါသည်။