Stakeholder Consultation on Food, Drug, Medical Device and Cosmetic Labeling Guideline ဆွေးနွေးပွဲကျင်းပခြင်း

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဦးစီးကျင်းပပြုလုပ်ပြီး USAID အကူအညီဖြင့် နေပြည်တော် Park Royal Hotelတွင် (၁၄-၁၁-၂၀၁၈)ရက်နေ့၌ “Stakeholder Consultation on Food, Drug, Medical Device and Cosmetic Labeling Guideline” ဆွေးနွေးပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင်
• အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး USAID မှကိုယ်စားလှယ်တော် Mr.Steve Parker မှ ယနေ့အစည်းအဝေး၏ ရည်ရွယ်ချက်များ၊ ဆက်လက်လုပ်ဆောင်ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
• ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နှီးနွယ်အဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိ သက်ဆိုင်ရာဌာနခွဲများမှ ကုန်ပစ္စည်းအညွှန်းအမှတ်အသား ဆောင်ရွက်ခြင်းနှင့်သက်ဆိုင်သော ဆက်လက်လုပ်ဆောင်မည့် လုပ်ထုံးလုပ်နည်းများအားတင်ပြခြင်း၊ နှီးနွယ်အဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များမှ လတ်တလောတွေ့ကြုံနေရသော အခက်အခဲများအားတင်ပြဆွေးနွေးခြင်းတို့အားပြုလုပ်ခဲ့ပါသည်။
• အစားအသောက်၊ဆေးဝါး၊ဆေးပစ္စည်းနှင့်အလှကုန်ဌာနခွဲတစ်ခုခြင်းစီနှင့်သက်ဆိုင်သော နှီးနွယ်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ လုပ်ငန်ရှင်များ Group Discussion ပြုလုပ်ခြင်း၊ ပြန်လည်တင်ပြ၍ ညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပြီး ကုန်ပစ္စည်းအညွှန်းအမှတ်အသား ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက်များချမှတ်ခဲ့ပါသည်။